လရောင်ပျောက်တဲ့ညမှာ
ကြယ်တွေများတွေ့မလားလို့
ကောင်းကင်ကိုယောင်ယမ်းပြီးမော့ကြည့်
ဒီတော့မှ ငါသိတယ်
ငါရှိတဲ့နေရာက
လရောင်ကို အလေးမထား
ကြယ်ရောင်ကို မလေးစားတဲ့
ကျွန်းသားတို့ ပျော်မွေ့ရာ
နီယွန် တွေ ဟေလိုဂျင်တွေ ပေါများတဲ့
တိုင်းတစ်ပါး၊
ရင်နာနာနဲ့ အတွေးတစ်ခု
သူ့အလိုလို ၀င်လာတယ်
ဟိုအရင် ငယ်စဉ်ဘဝ
ပြန်များရလိုက်ချင်
နွေးထွေးတဲ့ အမေ့ရင်
ခိုဝင်ပြီးတစ်ခါ
အမေ့ပါးအသာ နမ်းလိုက်ရင်းနဲ့
မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်း
အမှန်ဆုံးသော သစ္စာဆို
``အမေ့ကို ကျွန်တော် ချစ်တယ်``
ဒီလိုလေး ပြောလိုက်ချင်ရဲ့။
No comments:
Post a Comment