အမေ.....
အမေကော ကျွန်တော်ကော မျှော်မှန်းခဲ့တဲ့ အတိုင်းအတာ တစ်ခုကိုတော့ ရခါနီးပါပြီ။
ဒါပေမယ့် အမေက ကျွန်တော်တို့ရဲ့ အနားမှာ မရှိတော့ဘူးနော်။
ကျွန်တော် ဒီမှာ စိတ်ကောလူကော တအားပင်ပန်းတာပဲ အမေရယ်။
ကျွန်တော့်ကို နားလည်ပေးနိုင်မယ့် လူလည်း ဘယ်သူမှ မရှိပါဘူး။
ကျွန်တော် တစ်လခွဲ ဆိုတဲ့ အတိုင်းအတာ တစ်ခုမှာ Project Manager ဆိုတဲ့ ရာထူးကို ရယူနိုင်ခဲ့ပါတယ်။
ဒီရာထူးကိုရဘို့အတွက် ကျွန်တော် နေ့ရော ညရော ကြိုးစားခဲ့ရတယ်။
သူများတွေအိပ်ချိန်မှာ ကျွန်တော် email တွေ ဖတ်၊ စာတွေပြန် နဲ့ မနက်မိုးလင်းခါနီးမှ အိပ်ခဲ့ရတယ်။
မနက်ကျတော့လည်း သူဌေးအလိုကျ အလုပ်သမားတွေနဲ့ Site တွေ ပြေးရပြန်တယ်။
ညပြန်လာတော့ ၁၁ နာရီ ထိုးခါနီးပြန်ရော။
တနင်္ဂနွေဆိုတာ ဘယ်နေ့လည်းဆိုတာတောင် မသိနိုင်တော့ဘူး။
Public Holiday ဆိုတာတောင် မသိလို့ Taxi ငှါးမှ သြော် ဒီနေ့ ရုံးတွေပိတ်ရက်ပါလား ဆိုတာ သိရတယ်။
ဒီမှာက Public Holiday ဆိုရင် တစ်ဒေါ်လာ ပိုပေးရတယ်လေ။
တစ်ရက်တစ်ရက် ကို တယ်လီဖုန်းပြောရတာ အရင်က ၆၀ လောက်ရှိတယ်၊ ခုတော့ တစ်ရာကျော်နေပြီ အမေ။
ဘာပဲပြောပြော ကျွန်တော် မိသားစု ရှေ့ရေးအတွက်ဆိုပြီး အားလုံးကို သည်းညည်းခံပြီး လုပ်နေဆဲပါ အမေ။
ကျွန်တော် Blog တွေ မဖတ်နိုင်တာလည်း ကြာပါပြီ။
မရေးနိုင်တာလည်း ကြာပါပြီ။
ကျွန်တော် အမေ့ကိုမေ့နေလို့စာမရေးတာ မဟုတ်ပါဘူး၊ တကယ်ကို စာရေးဖို့ အချိန်မရလို့ပါ။
ခုလည်း တစ်နာရီခွဲတော့မယ်၊ ကျွန်တော် နေ့လည်စာ မစားရသေးဘူးအမေ။
ဒါပဲနော်။ နောက်လည်းအားရင်အားသလို စာရေးပါ့မယ်။
အမေ့ကို သတိရ လွမ်းဆွတ်လျက်
အဝေးက အမေ့ရဲ့ သားမိုက်
ဖိုးသက်
No comments:
Post a Comment